About Us

APEX Gas & Oil Public Co.,Ltd ကို(16 January 2013) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု ISO(9001:2008) Certificate ရရှိထားပြီးသော ကုမ္ပဏီဖြစ်ပါသည် ။ APEX Gas & Oil Public Co.,Ltd ပိုင် Great Petroleum Terminalသည် နိုင်ငံတကာသင်္ဘောများ ဆိုက်ကပ်နိုင်သော အဆင့်မြင့် စက်သုံးဆီ ဆိပ်ခံတံတားဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးအများပိုင် Terminal ဖြစ်ပါသည် ။သိုလှောင်ကန်များနှင့် Filling Station များပါ တစ်နေရာတည်း တည်ဆောက်ထား၍ ဝန်ဆောင်မှုပေးနေသော Company ဖြစ်ပါသည်။ရရှိနိုင်သော ဆီအမျိုးအစားများ - Octane ( Ron - 95 ) | Octane( Ron - 92 ) | Premium Diesel ( 50 PPM ) | Diesel ( 500 PPM )တို့ဖြစ်သည်။

ဝန်ဆောင်မှုများမှာ- စက်သုံးဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ အရည်အသွေးမြင့် စက်သုံးဆီအမျိုးမျိုးကို နိုင်ငံခြားမှ စိတ်ကြိုက်စီစစ်၍ ဝယ်ယူပြီး တိုက်ရိုက်တင်သွင်းသည်။ သီလဝါရှိ ကိုယ်ပိုင် Terminal ဖြစ်သော Great Petroleum Terminal တွင် ဆီ Tanker များဆိုက်ကပ်၍ သိုလှောင်ကန်များတွင် စက်သုံးဆီများသိုလှောင်ထားရှိပြီးလူကြီးမင်းတို့၏လိုအပ်သည့်အချိန်တိုင်းရရှိနိုင်စေရန်အတွက်အချိန်နှင့် တပြေးညီဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ထားရှိပါသည်။

Services

Quality

စက်သုံးဆီ၏ အရည်အသွေးကို လူကြီးမင်း တို့မှ ယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူနိုင်ရန် အတွက်နိုင်ငံတော်မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်းမြန်မာ့ရေနံနှင့် ဓာတုအရည်အသွေးစစ်ဆေးရေးဌာန နှင့် SGS အဖွဲ့အစည်းတို့ဖြင့် အရည်အသွေးကို စနစ်တကျပုံမှန်စစ်ဆေးပါသည်။ကုမ္ပဏီပိုင် ဓာတ်ခွဲခန်းမှလည်းစက်သုံးဆီများ၏အရည် အသွေးကိုစံနှုန်းတစ်ခုထိန်းသိမ်းရန်နှင့် ISO Standardကိုက်ညီစေရန်ဓာတ်ခွဲစမ်း သပ်ပြီး ထိန်းသိမ်းသိုလှောင်ထားပါသည်။

Quantity

ကုမ္ပဏီ၏သိုလှောင်ကန်များတွင်ပိုက်လိုင်း များမှတဆင့် Auto ဆီဖြည့်ပေးနိုင်ရန် Computer System များနှင့်ချိတ်ဆက်ထား ပြီး Auto Filling System၊ Auto Transferring Syste နှင့် Auto Measurement System များအားလုံးကို Manualမသုံးပဲ Computer မှတဆင့် Program များထားရှိပါသည်။ Auto System အသုံးပြုထားရခြင်းမှာ Human Errorကြောင့်ဖြစ်ပေါ်နိုင်သောအမှားများ လည်း လျာ့နည်းအောင်ဆောင်ရွက် ထားခြင်းဖြစ်ပါသည်။ဆီပိုက်လိုင်းများ၏Flow Meterများအားလုံးကိုလည်းတိကျသောအချိန် အတွယ် (Quantity) ရရှိနိုင်အောင် စီစဉ် ထားပါသည်။လူကြီးမင်းတို့၏Bowserကား များကိုဖြစ်စေ၊ကုမ္ပဏီမှBowserကားများ ကိုဖြစ်စေ Auto System များအသုံးပြု ထားသည့် Filling Station မှတဆင့် စက်သုံး ဆီများ ကိုတိုက်ရိုက်လိုသလောက် ဖြည့်ဆည်းပေးနိုင်ပါသည်။

Transpotation

AGOမှဝယ်ယူထားသောစက်သုံးဆီများကို လူကြီးမင်းတို့လိုအပ်ချက်အရဆိုင်အရောက် ပို့ပေးစေလိုပါကကုမ္ပဏီပိုင် Bowser ကား များဖြင့် အချိန်မီဆိုင်အရောက် ပို့ဆောင်ပေးနိုင်ရန် အတွက်စီစဉ်ထားရှိ ပါသည်။လူကြီးမင်းတို့၏စိတ်ကျေနပ်မှုရှိစေ ရန် နှင့်အချိန်အတွယ်ပြည့်မီစေရန်အတွက် Bowser ကားများကိုWeight Scale အလေးချိန် ကုန်ပစ္စည်းအချိန်အတွက် ပါရှိသောစာရွက်စာတမ်း (ကုမ္ပဏီ၏ Official Slip)နှင့်အတူSeal(ချိတ်)ပိတ် ထားသည့်ကုန်အလေးချိန်ပြည့်မှီသော Bowserကားအားလူကြီးမင်း၏ ဆိုင်တည် ရှိရာရောက်ရှိ အောင်တာဝန်ယူ ပို့ဆောင် ပေးမည် ဖြစ်ပါသည်။ Bowserအသုံးပြု ခနှင့်သယ်ယူပို့ဆောင်ခအား ပို့ဆောင်ပေး ရသောတည်နေရာအအကွာ ဝေးပေါ် မူတည်၍သင့်တင့်သောဈေးနှုန်းများ သတ်မှတ်ထားပါသည်။

Payment

ငွေပေးချေမှုအားစိတ်ချလုံခြုံ၍အဆင်ပြေ လွယ်ကူစေရန်အတွက် ကုမ္ပဏီ Bank Account များကိုGlobal Treasure Bank ( မြန်မာ့မွေးမြူရေး နှင့်ရေလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ် ) ၊ AYA ၊ AGD ၊ KBZ ၊ UAB နှင့် YOMAဘဏ်တို့တွင် ဖွင့်လှစ်ထားရှိပေး ပါသည်။